တရုတ်နိုင်ငံသိပ္ပံပညာတံခွန်အသင်းကြီးကသုတေသီ ၄၀ ဦးသည် ယူနန်တက္ကသိုလ်သို့ လာရောက်လေ့လာဆွေးနွေးခြင်း

ဧပြီလ၂၅-၂၆ရက်နေ့တွင် တရုတ်နိုင်ငံသိပ္ပံပညာတံခွန်အသင်းကြီး၏“Material Science ဖြစ်ထွန်းတိုးတက်ရေး”နှင့်“အင်ဂျင်နီယာ သိပ္ပံနှင့်နည်းပညာ ဖြစ်ထွန်း တိုးတက်ရေး” ဖိုရမ်ကို Cheng Gong ကျောင်းခွဲစာကြည့်တိုက် အစည်းအဝေး ခန်းမဆောင်၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသိပ္ပံပညာတံခွန်အသင်းကြီးက သုတေသီ ၄၀ ဦးနှင့် သက်ဆိုင်ရာပါရဂူများ တက်ရောက်ပြီး Material Science ၊ အင်ဂျင်နီယာ သိပ္ပံနှင့်နည်းပညာ ဖြစ်ထွန်းတိုးတက်ရေးနှင့်  ရှေ့အလားအလာများကို  ဆွေးနွေးခဲ့ ကြ ပါသည်။