ယူနန်တက္ကသိုလ်ပညာဒေတာဘေ့စ်

ယူနန်တက္ကသိုလ်ပညာ ဒေတာဘေ့စ်သည် ယူနန်တက္ကသိုလ် ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းကို ထောက်ပံ့ပေးသော  အခြေခံအသုံးအဆောင်ပစ္စည်းဖြစ်၍ ယူနန်တက္ကသိုလ်ဆရာများနှင့် သုတေသီများ၏ သုတေသနပညာရပ်ဆိုင်ရာရလာဒ်များ၊ ဉာဏ်စွမ်းရလာဒ်များကိုစုဆောင်းသိမ်းဆည်းထားသည်။ ယူနန်တက္ကသိုလ် ဆရာများ၊ သုတေသီများနှင့် ကျောင်းသူကျောင်းသားများ၏ ပညာရပ်ဆိုင်ရာသုတေသနပြုလုပ်ရေးနှင့် ဖလှယ်ရေးအတွက် ဝန်ဆောင်မှုများထောက်ပံ့ပေးသည်။ ယင်းဝန်ဆောင်မှုများသည် ဖိုင်သွင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ ရှာဖွေခြင်းနှင့် လွတ်လပ်စွာ မျှဝေခံစားခြင်းတို့ ဖြစ်သည်။