ယူနန်ပန်းမန်အထူးဒေတာဘေ့စ်

ယူနန်ပန်းမန် အထူးဒေတာဘေ့စ်သည် ယူနန်တက္ကသိုလ်စာကြည့်တိုက်က တာဝန်ခံယူ၍ တည်ဆောက်သော ၂၁၁ စီမံကိန်း တတိယအကြိမ်မြောက် တည်ဆောက်ရေးစီမံကိန်းများ အတွင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းအထူးဒေတာဘေ့စ်သည် သတင်း၊ အစည်းအဝေး၊ အမျိုးအစား၊ ပါရဂူ၊ စာအုပ်၊ သတင်းစာ၊ စာတမ်း၊ အပတ်စဉ်လစဉ်ထုတ်စာစောင်စာတမ်း၊ ဘွဲ့ယူစာတမ်း၊ ဓါတ်ပုံ၊ ဗီဒီယို၊ အထူးဝန်ဆောင်မှု၊ လုပ်ငန်းနာမည်စာရင်း၊ ထောက်ပံ့မှုနှင့် လိုအပ်မှုသတင်းစသည့် သယံဇာတမျိုးစုံရနိုင်သော ယူနန်ပြည်နယ် ပန်းမန်ဆိုင်ရာ အဆင့်မြင့် စာသားအပြည့်အစုံ ဒေတာဘေ့စ်ကြီးဖြစ်သည်။ ရွေးချယ်သိမ်းသွင်းထားသော ဒေတာသည် အလွန်အသုံးဝင်၍ တရုတ်ဘာသာနှင့် နိုင်ငံခြားဘာသာဖြင့် ရေးသားပြုစုသော အလေ့ကျအပင်မျိုး၊ စိုက်ပျိုးထားသောအပင်မျိုးဆိုင်ရာ စာတမ်းများ၊ ဓါတ်ပုံများ ပါဝင်သည်။ ဤဒေတာဘေ့စ်ကြီး တည်ဆောက်သော ရည်မှန်းချက်သည် ယူနန်ပြည်နယ် အတွင်းရှိသမျှပန်းမန်လုပ်ငန်းများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ စုဆောင်းခြင်းဖြစ်သည်။ ရည်ရွယ်ချက်သည် တက္ကသိုလ်သင်ကြားပို့ချရေး၊ သုတေသနပြုလုပ်ရေးနှင့် ပန်းမန်လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းမှ ပုဂ္ဂိုလ်များအတွက် အကျိုးဆောင်ရန်၊ အစိုးရ၏ဆုံးဖြတ်ချက်များကို ဝန်ဆောင်မှု  ထောက်ပံ့ပေးရန်ဖြစ်သည်။