ဂျပန်နိုင်ငံမှ ဒေါက်တာ Lin Qian Ichiro သည် ယူနန်တက္ကသိုလ်စာကြည့်တိုက်သို့ လာရောက်လေ့လာကြည့်ရှု

         ယူနန်တက္ကသိုလ်စာကြည့်တိုက်၏ ဖိတ်ကြားချက်အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ တွင် သမိုင်းပညာရှင်၊ ဂျပန်နိုင်ငံ စာပေလေ့လာရေးဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ Lin Qian Ichiro သည် ယူနန်တက္ကသိုလ် Chenggong ကျောင်းဝင်းသစ်တွင်ရှိ စာကြည့်တိုက်သို့ လာရောက် လေ့လာ ကြည့်ရှုခဲ့ပါသည်။ ယူနန်တက္ကသိုလ်စာကြည့်တိုက်၏ ဂျပန်စာ စာတမ်းစင်တာတွင် စာအုပ်စုစုပေါင်း (၂) သိန်းကျော် သိုလှောင်ထားရှိပါသည်။ ယင်းအနက် ၂၀၀၉ ခုနှစ်မှစ၍ ဂျပန်နိုင်ငံသိပ္ပံပညာအသင်းက လှူဒါန်းထားသောစာအုပ်မှာ စုစုပေါင်း (၁) သိန်း (၇) သောင်း ရှိပါသည်။ ယူနန်တက္ကသိုလ် ဂျပန်ဘာသာ ဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ များသည် အဆိုပါ ဂျပန်စာစာတမ်းစင်တာ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများကိုလည်း ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြပါသည်။ ထိုနေ့တွင် ယူနန်တက္ကသိုလ်စာကြည့်တိုက်မှူး Li Donghong နှင့်တကွ ဒေါက်တာ Lin Qian Ichiro က ဂျပန်စာစာတမ်းစင်တာသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ထိုစင်တာတွင် သိုလှောင်ထားသော စာအုပ် စာတမ်းများမှာ သမိုင်းကြာရှည်ခဲ့သည့်အပြင် အမျိုးအစား စုံလင်ခြင်း၊ အရေအတွက်များပြားခြင်းနှင့် တန်ဖိုးကြီးမားခြင်း ရှိသောကြောင့် အံ့သြလှပါသည်ဟု ဒေါက်တာ Lin Qian Ichiro က ပြောကြားခဲ့ ပါသည်။ ထို့ကြောင့်လည်း နောင်အနာဂတ်တွင် နှစ်ဦးနှစ်ဖက် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပို၍ပြုလုပ်နိုင်ရန်နှင့် အနောက်တောင်ဒေသ၏ ဂျပန်စာ စာတမ်း စင်တာကို အတူတကွ တည်ထောင် နိုင်ရန် ဆန္ဒရှိသည်ဟုလည်း ပြောကြားခဲ့ပါသည်။ ဤသို့ဖြင့် ဂျပန်စာ နှင့်ဂျပန်ရေးရာ လေ့လာသူများ အတွက် ပိုမိုပြည့်စုံသည့် စာတမ်းအရင်းအမြစ်များကို လေ့လာနိုင်တော့မည်သာမက လက်တွေ့သင်ကြား ပို့ချရေး၊ သိပ္ပံပညာ သုတေသနလုပ်ငန်းနှင့် လူရည်ချွန်ပျိုးထောင်ရေးအတွက်လည်း ပိုမိုအဆင်ပြေလာ တော့မည် ဖြစ်ပါသည်။ 

3.jpg