ထိုင်ဝမ်ဟွာနန်တက္ကသိုလ်စာကြည့်တိုက်မှူး Huang Suxia ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့က ယူနန်တက္ကသိုလ်သို့ လာရောက်လေ့လာကြည့်ရှု

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ထိုင်ဝမ်ဟွာနန်တက္ကသိုလ်မှ စာကြည့်တိုက်မှူး Huang Suxia ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယူနန်တက္ကသိုလ်စာကြည့်တိုက်သို့ လာရောက် လေ့လာကြည့်ရှုခဲ့ပါသည်။ ဧည့်သည်တော်စာကြည့်တိုက်မှူးအား ယူနန်တက္ကသိုလ်စာကြည့်တိုက်မှူး Li Donghong ကိုယ်တိုင် ယူနန်တက္ကသိုလ် Chenggong ကျောင်းဝင်းသစ်အတွင်းရှိ စာကြည့်တိုက်ကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့က စာကြည့်တိုက်အတွင်း လေ့လာကြည့်ရှုခဲ့ ပြီးနောက် တွေ့ဆုံဆွေးနွေးပွဲလည်း ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးကြရာတွင် နှစ်ဦးနှစ်ဖက်က စာကြည့်တိုက် ဆိုင်ရာဝန်ဆောင်မှုများ တီထွင်ဆန်းသစ်မှုမြှင့်တင်ဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ဖန်တီး တည်ထောင်ရေး စသည့်ကိစ္စရပ်ကို အလေးအနက်ထားကာ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အနာဂတ် ကာလတွင် အရင်းအမြစ်များ ရှယ်ယာပြုလုပ်ရေး၊ ဝန်ဆောင်မှုတီထွင်ဆန်းသစ်စေရေး စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း သိရှိရပါသည်။ 

4.jpg